တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို စလွန် အော်ငယ်ကျေးရွာအ.မ.က (မူလွန်)ကျောင်းခန်းမ တွင်ကျင်းပါဆောင်ရွက်ခဲ့ရာ စလွန်ငယ်ကျေးရွာမှ အမျိုးသား(၃၀)ဦး၊အမျိုးသမီး(၃၉)ဦး၊ဆရာမ(၃)ဦး၊သစ်တောဦးစီးဌာနမှဝန်ထမ်း(၇)ဦးစုစု ပေါင်းအမျိုးသား(၃၇)ဦး၊အမျိုးသမီး(၄၂)ဦး၊ဖြစ်ပြီးစုစုပေါင်းတက်ယောက်သူ (၇၉)ဦး ဖြစ်ပါသည်။အခမ်းအနားတွင် ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူး၊ ဦးခင်စိုးမှ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာ၊ တောအုပ်ဦးတင်လှိုင်မှ သစ်တောထိန်းသိမ်း ရေးအကြာင်းအရာ၊ တောအုပ်ဦးသစ်ဖြိုး အောင်မှ တောမီးကာကွယ်ရေးအကြောင်းအရာများကိုတက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း ကြောင့်သဘာဝ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ Video Clipပြသခြင်း၊ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



