မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် မြို့မ(အမြဲတမ်း)ပျိုးဥယျာဉ်စစ်ဆေးဆောင်ရွက်ခြင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် (၄-၅-၂၀၂၄) ရက်နေ့(၁၄:၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီး ဌာန၊ မြို့မ(အမြဲတမ်း)ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသည့် အထူးပျိုးပင် (၃၀၀၀၀)ပင်နှင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ လူထုဖြန့်ပျိုးပင် (၇၀၀၀၀)ပင် ပြုစုပျိုးထောင်ထားရှိမှုတို့အား စစ်ဆေး ဆောင်ရွက်၍ စိုက်ပျိုးချိန်တွင် ကြံ့ခိုင်သန်စွမ်းသည့် (၂)ပေအထက် ပျိုးပင်များ ဖြန့်ဝေ စိုက်ပျိုးနိုင်ရန်၊ ပျိုးပင်ဖြန့်ဝေရာတွင် စနစ်တကျဖြန့်ဝေရန်၊ မန်ကျည်း၊ တမာ၊ ထနောင်း စသည့်ဒေသသစ်မျိုးများနှင့် အရိပ်ရပင်၊ ပန်းပွင့်သည့်အပင်စသည့် သစ်ပင်အမျိုးစုံ လင်စွာ ပျိုးထောင်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။

date: 
Tuesday, May 7, 2024 - 12:45