၂၉-၄-၂၀၂၄ ရက်နေ့မှ ၅-၅-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉.၀၄၃၈)တန်၊ သစ်မာ (၁၇.၇၉၈၄)တန်၊ အခြား (၁၉၀.၃၉၇၆)တန်၊ စုစုပေါင်း (၂၂၇.၂၃၉၈)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၄-၂၀၂၄ ရက်နေ့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ညောင်ပင်သာကျေးရွာ မြောက်ဘက် (၁)မိုင်ခန့်အကွာတောစပ်/ ညောင်ပင်သာကျေးရွာအနောက်ဘက် ယာ ခင်းစပ်/ ညောင်ပင်သာကျေးရွာတောင်ဘက် သရက်ခြံအနီး/ ညောင်ပင်သာကျေးရွာ အနောက်မြောက်ဘက်ချောင်းအနီး နေရာတို့မှ တရားမဝင် တောင်သရက်/ဘောင်ဆန့် ခွဲသား စုစုပေါင်း (၂၅၅)ချောင်း (၄၄.၇၉၆၈) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, May 8, 2024 - 11:00