တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊သစ်တောဦးစီးဌာနအနေဖြင့် တနင်္သာရီမြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊သစ်တောဦးစီးဌာနအနေဖြင့် တနင်္သာရီမြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ၇.၅.၂၀၂၄ ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပညာရေးမှူးရုံး၊ တနင်္သာရီမြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီ ဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ သစ်တေ များမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ တနင်္သာရီမြို့နယ်အတွင်း ဆောင်ရွက်သည့် သစ်တောလုပ်ငန်း များ စသည့်ခေါင်းစဉ်ဖြင့် ဦးဇေယျာမိုး၊ တောအုပ်၊ သစ်တောဦးစီးဌာန၊ တနင်္သာရီမြို့နယ်မှ ဟောပြော ပို့ချခဲ့ပါသည်။ ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာအရာရှိ (၇)ဦး၊ အ.ထ.က တနင်္သာရီမြို့မှ ဆရာ/ဆရာမနှင့် ကျောင်းသူ/သား(၅၃)ဦး၊ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါ သည်။ အဆိုပါဟောပြောပွဲတွင် ကျောင်းသူ/ကျောင်းသား(၂) ဦးမှ "ဒေသရှိ ပေါက်ရောက်သည့် သစ်ပင်အမျိုးအစားနှင့်ပတ်သက်၍မေးမြန်းလာမှုအပေါ် " တောအုပ် ဦးဇေယျာမိုးမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နံနက်(၁၀:၁၀)နာရီမှ (၁၀:၄၀) နာရီအထိ မြို့မသစ်တော ပျိုးဥယျာဉ်သို့ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ခေါ်ဆောင်၍ ပျိုးဥယျာဉ်အတွင်း မိုးရာသီ သစ်ပင်များ စနစ်တကျ အဆင့်ဆင့်ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄ ခုနှစ် မိုးရာသီတွင် သစ်တော သစ်ပင်များ စိုက်ပျိုးဆောင်ရွက်မည့်အကြောင်းအား တောအုပ်ဦးဆင့်မျိုးအောင်မှ ရှင်းလင်းပြော ကြားခဲ့ကြောင်းသိရှိရပါသည်။

date: 
Wednesday, May 8, 2024 - 13:15