ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ ဗန်းမော်မြို့နယ်အတွင်းရှိ အ.ထ.က (၁)ကျောင်း၊ အောင်တံခွန်ခန်းမ၌ “ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ “ကိုကျင်းပ

(၈–၅-၂၀၂၄ ) ရက်နေ့ ၊ နံနက်(၉:၀၀) နာရီအချိန်တွင် ၊ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ ဗန်းမော်မြို့နယ်အတွင်းရှိ အ.ထ.က (၁)ကျောင်း၊ အောင်တံခွန်ခန်းမ၌ “ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ “ကို ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား / ကျောင်းသူ ( ၁၀၀ ) ဦး ၊ သစ်တော ဝန်ထမ်း(၂၀)ဦး၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဗန်းမော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို-၁ က သစ်တောနှင့် ဇီဝမျိုးစုံမျိုး ကွဲဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ ဗန်းမော်မြို့နယ် ဦးစီးအရာရှိ ဦးဖြိုးဇော်ဟိန်းက သစ်တောများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတု ပြောင်းလဲမှုလျော့ချရေး၊ မံစီမြို့နယ် တောအုပ်ကြီး ဦးပြည့်စုံဟိန်းက သစ်တောများမှ ပေးစွမ်း နိုင်သော အကျိုးကျေးဇူးများ စသည့်ခေါင်းစဥ်များဖြင့် အသီးသီး ဟောပြော ဆောင်ရွက် ခဲ့ပါသည်။ ထို့နောက်ဆက်လက်၍ဗန်းမော်မြို့နယ်၊ မြို့မသစ်တောပျိုးဥယျာဉ်အတွင်း လူထုဖြန့်ပျိုးပင်များပျိုးထောင်ထားရှိမှုအား ကျောင်းသား/ကျောင်းသူများမှ လာရောက် လေ့လာကြရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ သစ်တော ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားခြင်းများနှင့် ကျောင်းသား/ကျောင်းသူများသို့ ၎င်းတို့စိုက်ပျိုးလိုသော ကျွန်း၊ ပိတောက်၊ ခရေပျိုးပင်များ (၁၅၀)ပင်အား ဖြန့်ဝေပေး ခြင်းများဆောင်ရွက်ခဲ့ကြပါသိရှိရပါသည်။

date: 
Wednesday, May 8, 2024 - 16:00