မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပ

မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ၉-၅-၂၀၂၄ ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆက်စပ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ကာ ပြည်နယ်ကော်မတီအတွင်းရေးမှူး ပြည်နယ်သစ်တော ဦးစီးဌာနညွှန်ကြားရေးမှူးမှ ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏ဆောင်ရွက်ချက်များနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ဆက်စပ်ဌာနဆိုင်ရာများမှ ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရေးကိစ္စများအား ဆွေးနွေးခဲ့ကြပါကြောင်းသိရှိရပါသည်။

date: 
Friday, May 10, 2024 - 10:15