လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊ လင်းခေးမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ (၂၀-၄-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်လင်းခေး မြို့နယ်၊ နမ့်တုတ်ကျေးရွာ ဘုန်းတော် ကြီးကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ လင်းခေးမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့နယ်အတွင်းဆောင်ရွက်လျှက်ရှိသည့် မီးခိုးမြူငွေ့လျော့ချရေးလုပ်ငန်းများအားလည်းကောင်း၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိဦးကျော်မျိုးနိုင်မှ" မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကိုဟောပြောပို့ချခဲ့ပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီးဦးဇော်ဝင်းမှ "သစ်တောထိန်းသိမ်းရေးနှင့်ရာသီဥတုပြောင်းလဲမှုတွင်သစ်တောသစ်ပင်များ၏အရေးပါပုံ"များအား ရှင်းလင်းဟောပြောခဲ့ပါေကြာင်းနှင့်တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၁:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာ (၃)ဦး၊သစ်တောဦးစီးဌာနမှ (၃)ဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူ(၁၀၀)ဦး စုစုပေါင်း (၁၀၆) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, April 21, 2026 - 09:30