တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်း ရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို(၂၂-၄-၂၀၂၆)ရက်နေ့၊ (၁၄:၁၅)နာရီအချိန်၌ ကျွန်းစုမြို့နယ်၊ကျွဲခရံကျေးရွာအုပ်စု၊ကျွဲခရံကျေးရွာ ဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာတာဝန်ခံနှင့်ရပ်မိရပ်ဖများ၊ ရွာသူ၊ရွာသားများ ကျား(၅၅)ဦး၊မ(၄၀)ဦး၊ ပေါင်း(၉၅)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၃)ဦး၊ စုစုပေါင်း (၉၈)ဦးတက်ရောက်ခဲ့ကြပါသည်။ ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဘိနယ်တာဝန်ခံ_ တောအုပ်ဦးတင်လှိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ဟောပြော ပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Thursday, April 23, 2026 - 10:15