ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် (၂၂.၄.၂၀၂၆) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်၌ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစောဝင်းအောင်ပါ(၃)ဦး ၊ ကျေးရွာသူ/သား စုစုပေါင်း(၄၃)ဦး၊ ကျား(၁၈)ဦး၊ မ(၂၅)ဦး တို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ တောအုပ်ကြီး ဦးစောဝင်းအောင်က သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာသူ/သားများအားအသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, April 23, 2026 - 10:15