တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၃-၄-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီ၌ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးရုံးခန်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ရပ်ကွက်သူ/ရပ်ကွက်သားများ ကျား(၂၅)ဦး၊မ(၃၅)ဦး၊ပေါင်း(၆၀)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၆)ဦး၊ စုစုပေါင်း (၆၆)ဦးတက်ရောက်ခဲ့ကြပါသည်။တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာန၊ တောအုပ် ဦးဇေယျာမိုးမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တနင်္သာရီမြို့နယ်၊သစ်တောဦးစီးဌာနမှ တောအုပ် ဦးမောင်မောင်ကျော်မှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, April 24, 2026 - 09:30