မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
(၂၃.၄.၂၀၂၆) ရက်နေ့၊ (၉း၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ပိန္နဲကုန်းကျေးရွာ၊သာသနာ့ဟိတဘုန်းကြီးကျောင်းဓမ္မာရုံ၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ပိန္နဲကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၅၅)ဦး မ (၈) ဦးနှင့် ကျိုက်မရောမြို့နယ် ဦးစီးအရာရှိပါ သစ်တော ဝန်ထမ်း (၈)ဦး၊ စုစုပေါင်း ကျား(၆၃)ဦး၊ မ( ၈)ဦး၊စုစုပေါင်း(၇၁)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးထွဋ်ခေါင်ကျော် မှ Fire Hotspot ဖြစ်ပွားမှုလျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ကာ တက်ရောက်လာသည့် ရွာသူ/သားများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



