ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ၂၀၂၄ ခုနှစ် မိုးရာသီတွင် ရန်ကုန်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးမည့်ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး

၁၁-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ရန်ကုန်မြို့တော်ဝန်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး နှင့်အစိုးရအဖွဲ့အတွင်းရေးမှူးတို့လိုက်ပါလျက် ၂၀၂၄ ခုနှစ် မိုးရာသီ တွင် ရန်ကုန်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးမည့်ပျိုးပင်များပျိုးထောင် ထားရှိ မှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပါသည်။ ပထမဦးစွာ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံ ပျိုးဥယျာဉ်သို့ ရောက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှဦးက 2024 Greening Environment Campaign အတွက်ပြင်ဆင်ဆောင် ရွက်ထားရှိ မှုများ၊ ပျိုးပင်များပျိုးထောင်ထားရှိမှု အခြေအနေများနှင့် ဒီရေတောများ ကာကွယ်ထိမ်းသိမ်း ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေကြီးဝန်ကြီးချုပ် က ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုပြင်းထန်ဆိုးရွားမှုကိုလျှော့ချနိုင်ရေးအတွက် အပင် များများ စိုက်ရန်လိုအပ်ကြောင်း၊ သက်တမ်းရင့်အပင်ကြီးများစိုက်ပျိုးရန်နှင့် ဒီရေတောများ အမြဲ မပြတ် စောင့်ကြပ်ကာကွယ် ထိန်းသိမ်းရန် လမ်းညွှန်မှာကြားပြီး ဒီရေတောကြိုးပြင် ကာကွယ် တောများ တိုးချဲ့ဖွဲ့စည်းမှုအခြေအနေများ မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။ ထို့နောက် မင်္ဂလာဒုံပျိုးဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ကာ သိရှိလိုသည်များ မေးမြန်း၍ ပျိုးဥယျာဉ်တွင် ပျိုးပင်များ စဉ်ဆက်မပြတ် ပျိုးထောင်ပြုစု ထိန်းသိမ်းထားရန် မှာကြားပါသည်။ ဆက်လက်၍ သင်္ကန်းကျွန်းမြို့နယ်၊ ရွာသာကြီး ပျိုးဥယျာဉ်ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, May 14, 2024 - 10:30