မွန်ပြည်နယ်၊ မော်လမြိုင် -သထုံခရိုင်၊ သစ်တောဦးစီးဌာနက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/သူများအား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာ" အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင် -သထုံခရိုင်၊ သစ်တောဦးစီးဌာနက နွေရာသီကျောင်း ပိတ်ရက်၌ ကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေးဆိုင်ရာ အသိအမြင်များတိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် "သစ်တောနှင့် ဇီဝ မျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာ" ခရိုင်အဆင့် အသိပညာပေး ဟောပြောပွဲကို ၁၀-၅-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်၊ သင်္ဘောဦးရပ်၊ အခြေခံ ပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မော်လမြိုင်-သထုံခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေး၊ မုဒုံမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇော်အောင်က သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူး များ၊ တောအုပ်ကြီး ဦးဇင်ကိုလတ်က သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ များဆိုင်ရာ အကြောင်း အရာများအား ဟောပြောခဲ့ကြပါသည်။ မော်လမြိုင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ မုဒုံမြို့နယ်၊ ပညာ ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/သူ (၇၀)ဦး၊ စုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာရှိ တာပသွန်ပျိုးဥယျာဉ် သို့သွားရောက်ကာ ပျိုးဥယျာဉ်တွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးထွဋ်ခေါင်ကျော်က ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများအား ၂၀၂၄ ခုနှစ် မိုးရာသီတွင် မုဒုံမြို့နယ်အတွင်း ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များနှင့် အထူး ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေ၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

date: 
Tuesday, May 14, 2024 - 10:30