မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲ''ကျင်းပခြင်း”

(၂၄.၄.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ သစ်တောဉီးစီးဌာနမှ သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ငန်းတေးကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၁၅)ဦး မ (၂၉) ဦးနှင့် မော်လမြိုင်မြို့နယ် သစ်တော ဝန်ထမ်း (၁၂)ဦး၊ စုစုပေါင်း ကျား(၅၆)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, April 24, 2026 - 13:30