မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်မှ ဝိုင်းမော်မြို့အထက(၁)ကျောင်းခန်းမတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

(၁၃-၅-၂၀၂၄)ရက်နေ့၊ နံနက်(၉)နာရီခွဲမှ (၁၁)နာရီခွဲအချိန်ထိ ကချင်ပြည်နယ် သစ်တောဦးစီး ဌာန မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ်မှ ဝိုင်းမော်မြို့အထက(၁)ကျောင်းခန်းမတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ ဆရာမ(၈)ဦးကျောင်းသားကျောင်းသူ (၆၈)ဦး သစ်တောဝန်ထမ်း(၁၈)ဦး စုစုပေါင်း(၉၄)ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင်မြစ်ကြီးနားခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးစောဂျင်မီနီဟက်စ်လပ်ခ်က သစ်တောများနှင့်ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ ဟောပြောပို့ချခြင်း ဝိုင်းမော်မြို့နယ် မြို့နယ် ဦးစီးဌာနမှူး ဦးငြိမ်းထွန်းမှသစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာအသိပညာပေးဟောပြောခြင်း သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု့လျော့ချရေး ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များ အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

date: 
Tuesday, May 14, 2024 - 10:45