ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သစ်တောဦးစီးဌာနမှ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သစ်တောဦးစီးဌာနမှ (၁၂-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် လင်းခေးမြို့၊ အ.ထ.က(လင်းခေး)ကျောင်း၊ ပတ္တမြားခန်းမ၌“ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ”ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် လင်းခေးခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းနိုင်က သစ်တောနှင့် ရာသီဥတုပြောင်းလဲမှု ခေါင်းစဉ် များဖြင့် ဟောပြောပို့ချခဲ့ပြီး မြို့နယ်ဦးစီးအရာရှိ ဦးအောင်မိုးက သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အသိပညာပေးခြင်း၊ တောအုပ်ကြီး ဦးဇော်ဝင်းက သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုး ကျေးဇူးများ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများမှ ကျောင်းဝင်းအတွင်း အရိပ်ရအပင်များနှင့် ပန်းအလှ ပင်များ သရုပ်ပြစိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

date: 
Tuesday, May 14, 2024 - 11:15