မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍ (၂၄-၄-၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက် "ကျော်" ကိုယ်ပိုင်ကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ မူဆယ်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးမှ မြို့နယ်အတွင်းဆောင်ရွက်လျှက်ရှိသည့် မီးခိုးမြူငွေ့လျော့ချရေးလုပ်ငန်းများနှင့်လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသင်ကြားခြင်းအားလည်းကောင်း၊သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံး၊ ဦးစီးအရာရှိ ဦးဖြိုးဝေအောင်မှ" သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ"ကိုဟောပြောပို့ချခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းအောင်မှ "မီးခိုးမြူငွေ့လျှော့ချနိုင်ရေးအတွက်စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ဆောင်ရန်ရှောင်ရန်များ"အကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပါေကြာင်းနှင့်တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၂:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာ (၇)ဦး၊သစ်တောဦးစီးဌာနမှ (၄)ဦး၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး စုစုပေါင်း (၈၁) ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။


