ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် (၂၄.၄.၂၀၂၆) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်ပါသစ်တောဝန်ထမ်း(၅)ဦး၊ ပတ်ဝန်း ကျင်ထိန်းသိမ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်း၊ စာဘူးတောင်းကျေးရွာမှဒေသခံပြည်သူ ကျား(၅၃)ဦး၊ မ(၁၈) ဦး၊ စုစုပေါင်း(၇၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ အကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ထို့နောက် လှည်းကူးမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဥမ္မာလင်းက လှည်းကူးမြို့နယ်အတွင်း Fire Hotspots များ ဖြစ်ပေါ်မှုအား လျော့နည်းစေရန်အတွက် ဆောင်ရွက်ရန်အချက်များ၊ ကျေးရွာများအတွင်း အမှိုက်များအား စနစ်တကျစွန့်ပစ်ရန်နှင့် အမှိုက်မီးရှို့ခြင်းများ ဆောင်ရွက်ခြင်းမပြုဘဲ မြေဩဇာပြုလုပ်ရန်အတွက် နည်းစနစ်များနှင့် "မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပါင်းဒို့ကာကွယ်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


