ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ အင်္ဂပူမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၅၄/၆)အနီးရှိ ခြင်ကိုက်ကွင်းဘိနယ် ပျိုးဥယျာဉ်သို့ လာရောက်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် အင်္ဂပူမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ် (၅၄/၆)အနီးရှိ ခြင်ကိုက်ကွင်းဘိနယ် ပျိုးဥယျာဉ်သို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဟင်္သာတခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အင်္ဂပူမြို့နယ်၊ ဦးစီးအရာရှိတို့မှ ပျိုးဥယျာဉ်နှင့် ပတ်သက်သော အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါပျိုးဥယျာဉ်တွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ အထူးပျိုးပင် (၂၅၀၀၀)ပင် သစ်မျိုး (၅)မျိုးနှင့် ၂၀၂၄ ခုနှစ် မိုးရာသီ လူထုဖြန့် ပျိုးပင် (၂၆၀၅၀)ပင် သစ်မျိုး (၁၅)မျိုးအား ပျိုးထောင်ထားရှိပါသည်။ ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားသည့် ကံ့ကော်၊ ခရေ၊ ရေတမာတို့အား စာသင်ကျောင်းနှင့် တက္ကသိုလ်ဝန်းများအတွင်း ယခုနှစ်တွင် စိုက်ပျိုးသွားရန် မှာကြားခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, May 14, 2024 - 13:15