သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးဝန်းအတွင်း သဘာဝမြေဩဇာပြုလုပ်ခြင်း ဆိုင်ရာ သရုပ်ပြဆောင်ရွက်

(၁၀.၅.၂၀၂၄) ရက်နေ့တွင် ရုံးအမှတ် (၃၉)၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးအတွင်း၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၏ အနီးကပ်ကြီးကြပ် ဦးဆောင် မှုဖြင့် ဦးစီးရုံးချုပ်၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနမှ ဝန်ထမ်းများ၊ သစ်တောဦးစီးရုံးချုပ်မှ ဝန်ထမ်းငယ်များ စုစုပေါင်း (၃ဝ) ဦးဖြင့်သဘာဝမြေဩဇာပြုလုပ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ထည့်သွင်းပြုလုပ်ရမည့် ပါဝင်ပစ္စည်းများ၊နည်းစနစ်များတိကျစွာဖြင့် သဘာဝမြေဩဇာပြုလုပ်ခြင်းကို စနစ်တကျ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါသဘာဝမြေဩဇာပြုလုပ်ခြင်း သရုပ်ပြလုပ်ငန်းကို "သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင် ခြင်းစီမံကိန်းFD-AFOCO Model Forest Project (AFoCo/015/2020)"၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

date: 
Tuesday, May 14, 2024 - 14:15