ပြည်ခရိုင်၊ ရွေတောင်မြို့နယ်၊သစ်တော ဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲအား (၂၅.၄.၂၀၂၆) ရက်နေ့၊ နံနက်(၁၂း၃၀)အချိန် ရွှေတောင်မြို့နယ်၊ ကျွဲတလင်းအုပ်စု၊ သရက်ကုန်းကျေးရွာ တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ကျေးရွာသူ/သား ၃၃ ဦး၊ ကျား (၂၀)ဦး မ (၁၃) ဦး) သစ်တောဦးစီးဌာနမှ ၀န်ထမ်း(၄)ဦး၊ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေတောင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင် မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပြောက်ရေးဆိုင်ရာများဟောပြောခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်း အရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


