ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၁၆.၅.၂၀၂၄)ရက်နေ့၊မွန်းလွဲ (၁၁:၀၀)နာရီတွင်သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားသစ်တောဦးစီးဌာန၊မူဆယ်ခရိုင်၊ချယ်ရီခန်းမ၌ကျင်းပပြုလုပ်ရာ "ကျော်"ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမ(၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၅)ဦး၊ စုစုပေါင်း(၅၇)ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် မူဆယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်သက်မှ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာအသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးအသိပညာပေးခြင်းအားလည်းကောင်း ၊ မူဆယ်မြို့နယ်၊ ဦးစီးအရာရှိဦးမျိုးစည်သူအေးမှ သစ်တောများနှင့် ရေဝေရေလဲများထိန်းသိမ်းရေး၊ သစ်တောများမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြာင်းအရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအယ်လ်စိုးထန်တူးမှလည်းကောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ရွှေသမင်ပျိုးဉယျာဉ်တွင် ပျိုးပင်များပျိုးထောင်ပြုစုထိန်းသိမ်းခြင်းအား တောအုပ်ဦးမျိုးသန်းထိုက်မှ လက်တွေ့ရှင်းလင်းပြသခဲ့ပြီး၊ချယ်ရီ၊ထင်းရှူး၊ခါတော်မှီစုစုပေါင်း(၃၀)ပင် အားပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

date: 
Thursday, May 16, 2024 - 22:00