ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်၊ အိမ်မဲဘိနယ်၊ ကန်ကြီးဒေါင့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အိမ်မဲဘိနယ်တွင် သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

(၂၅-၄-၂၀၂၁၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်၊ အိမ်မဲဘိနယ်၊ ကန်ကြီးဒေါင့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အိမ်မဲဘိနယ် သစ်တောဦးစီးဌာန၊ တောအုပ်ဦးအောင်မျိုးပိုင်မှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကိုကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၃)ဦး၊ ‌ကျေးရွာသား( ၃၂) ဦး၊ ကျေးရွှာသူ (၂၁ ) ဦး၊ စုစုပေါင်း(၅၃ )ဦး တက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ သစ်တော ဦးစီးဌာနမှ ဆောင်ရွက်နေသည့်စိုက်ခင်းများလုပ်ဆောင်နေမှု၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးး အသိပညာပေးဟောပြော ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 27, 2026 - 11:00