မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်းသားများအား"စံပြသစ်တောတည်ထောင်ခြင်းဆိုင်ရာ သဘောတရား၊ စံသတ်မှတ်ချက်များ ရှင်းလင်းပို့ချခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်နည်းလုပ်ငန်း" ဆိုင်ရာသင်တန်းဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့၌ (၁၈.၅.၂၀၂၄) ရက်နေ့တွင် အခြေခံသစ်တောပညာသင်တန်းများမှ သင်တန်းသားများအား စံပြသစ်တော တည်ထောင် ခြင်းဆိုင်ရာသဘောတရား၊ စံသတ်မှတ်ချက်များ ရှင်းလင်းပို့ချခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း လုပ်ငန်းများ ပို့ချခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ဦးတင့်ခိုင်၊ ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါသင်တန်းသည် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)”အကူအညီဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး သင်ကြားမှုအနေဖြင့် အခြေခံ သစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၈)မှ သင်တန်းသား (၈၂)ဦးအား “စံပြသစ်တော တည်ထောင်ခြင်းဆိုင်ရာ သဘောတရား၊ စံသတ်မှတ်ချက်များ ရှင်းလင်းပို့ချခြင်းနှင့် သဘာဝ မြေဩဇာပြုလုပ်နည်းလုပ်ငန်းများအား ပို့ချဆောင်ရွက်မည်ဖြစ်ပြီး အမှတ်စဉ် (၁၁၇) သင်တန်းသား(၂၀)ဦးအား လေ့ကျင့်ရေးသစ်တော (၅၀၀ ဧက) တွင်သဘာဝမြေဩဇာပုံများ Treatment ပေးခြင်းနည်းစနစ်များ လက်တွေ့သရုပ်ပြ သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းကာလအနေနှင့် (၁၈-၅-၂၀၂၄) ရက်နေ့မှ (၂၀-၅-၂၀၂၄) ရက်နေ့အထိ ဖြစ်ကြောင်းသိရှိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဦးစီးရုံးချုပ်၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန မှ တာဝန်ရှိသူများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး သင်တန်း၏ ရည်ရွယ်ချက်များ အနေဖြင့် ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုအထောက်အကူပြုစေရေး၊ သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးနှင့်အတူ ဂေဟစနစ် တည်ငြိမ်စေရေးနှင့် ဝင်ငွေအခွင့်အလမ်းများတိုးပွားစေရေးတို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

date: 
Monday, May 20, 2024 - 15:00