သထုံခရိုင်၊ကျိုက်ထိုမြို့နယ်၊သစ်တောဉီးစီးဌာနမှ ''Fire Hotspot ဖြစ်ပွားမှုလျော့နည်းပပျောက်ရေး၊တောမီးလောင်ကျွမ်းမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေး ဟောပြောပွဲ''ကျင်းပ

(၂၆.၄.၂၀၂၆) ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ၊အောင်ဦးအထပ်သားစက်ရုံ၌ *''Fire Hotspot ဖြစ်ပွားမှုလျော့နည်းပပျောက်ရေး၊တောမီးလောင်ကျွမ်းမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေးဟောပြောပွဲ''ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကော့ဘိန်းကျေးရွာ၊ ပျဥ်းမစခန်းကျေးရွာမှ ကျေးရွာသူ/သားများ ကျား (၁၃)ဦး၊ မ (၅၄) ဦးနှင့် ကျိုက်ထိုမြို့နယ် ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း (၇) ဦး၊ စုစုပေါင်းကျား(၂၀)ဦး၊ မ( ၅၄)ဦး၊ စုစုပေါင်း(၇၄)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲ တွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်မှ သစ်တော ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး၊ Fire Hotspot ဖြစ်ပွားမှုလျော့ချ ရေးဟောပြောခြင်းများဆောင်ရွက်ကာ တက်‌ရောက်လာသည့်‌ ရွာသူ/သားများက သိရှိလိုသည့် မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 27, 2026 - 11:15