မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့တွင် အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဥ် (၁၁၈) စတင်ဖွင့်လှစ်သင်ကြား

၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၈) စတင်ဖွင့်လှစ်သင်ကြားခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်ခိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနများမှမှ ညွှန်ကြားရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာ့သစ်လုပ်ငန်းမှမန်နေဂျာ၊ မြန်မာနိုင်ငံသစ်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် သင်တန်းဆရာများ၊ ပြင်ဦးလွင်မြို့မှ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၇)မှ သင်တန်းသားများနှင့် အမှတ်စဉ် (၁၁၈) တက်ရောက်ခွင့်ရရှိသည့် သင်တန်းသား (၈၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Monday, April 8, 2024 - 16:45