ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဝိန်ကျေးရွာအုပ်စု၊ အဝစုကျေးရွာ၊ ကျေးရွာ ဓမ္မာရုံတွင်ဦးအောင်မျိုးမှ "ရေချွေတာရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကိုကျင်းပ
(၂၆-၄-၂၀၂၆) ရက်နေ့ ၊နေ့လည် (၁၅:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဝိန်ကျေးရွာအုပ်စု၊ အဝစုကျေးရွာ၊ ကျေးရွာ ဓမ္မာရုံတွင် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးအောင်မျိုးမှ "ရေချွေတာရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကို ကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၄ ဦး၊ကျေးရွာသား(၃၅) ဦး၊ကျေးရွာသူ (၂၀ ) ဦး ၊စုစုပေါင်း(၅၉) ဦးတက်ရောက်ခဲ့ပါသည်။ ရေသည် လူနှင့် တိရစ္ဆာန်များအတွက်သာမက သက်ရှိအပင်များအားလုံးအတွက်လည်း အရေးကြီးဆုံးအရာ ဖြစ်ပါကြောင်းနှင့် လူ့အရေးသုံးပါးဖြစ်သည့် "စားရေး၊ ဝတ်ရေး၊ နေရေး" များစွာထဲမှာ သောက်သုံးရေ အလုံအလောက် ရရှိမှုကလည်း အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်ပါကြောင်းနှင့် ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။


