မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ"သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး" ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၂၆-၄-၂၀၂၆)ရက်နေ့ (၁၆:၀၀)နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားအုပ်စု၊ ဂွေးကုန်းကျေးရွာတွင် "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးမြင့်သန်းကို(ဦးစီးအရာရှိ)မှ "သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်း ရေးဆိုင်ရာ" သိကောင်းစရာများကိုလည်းကောင်း၊ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ "မီးခိုး/မြူငွေ့လျှော့ချရေး ဆိုင်ရာ"များအားလည်းကောင်းရှင်းလင်းဟောပြောခဲ့ပါသည်။တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၇:၀၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၆)ဦး၊ဆတ်သွားကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးပါ (၃)ဦး၊ ဂွေးကုန်းကျေးရွာ၊ဒေသခံပြည်သူ ကျား (၂၈) ဦး၊မ(၃၄) ဦး၊စုစုပေါင်း (၇၁) ဦး တက််ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 27, 2026 - 12:30