စီမံကိန်းလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(PMC) ၁/၂၀၂၄-၂၀၂၅ ကြိမ်မြောက်အစည်းအဝေးကျင်းပ

သစ်တောဦးစီးဌာန၊ စီမံကိန်းလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(PMC)၁/၂၀၂၄-၂၀၂၅ ကြိမ်မြောက် အစည်းအဝေးကို (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာ၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက တက်ရောက်အဖွင့်အမှာစကားပြောကြား ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူး(စီမံကိန်းနှင့်စာရင်းအင်းဌာန)က သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်တင်ပြပြီး စီမံကိန်းတာဝန်ခံဌာနများမှ တာဝန်ရှိသူ များက စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များအပေါ် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခြင်း ဆောင်ရွက်ခဲ့ကြီးပြီး ညွှန်ကြားရေးမှူးချုပ် တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး၊ ဒုတိယညွှန်ကြာရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးဖေချစ်နှင့် ညွှန်ကြားရေးမှူးများ၊ စီမံကိန်း များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

date: 
Tuesday, May 21, 2024 - 13:15