အောင်မြေသာစံမြို့နယ် (ချမ်းအေးသာစံမြို့နယ်)၊ လမ်း ၃၀၊ ၆၃ x ၆၄ လမ်းကြားရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
၂၄-၄-၂၀၂၆ ရက်နေ့၌ အောင်မြေသာစံမြို့နယ် (ချမ်းအေးသာစံမြို့နယ်)၊ လမ်း ၃၀၊ ၆၃ x ၆၄ လမ်းကြားရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဉီးမင်းမင်းသန့် (တောအုပ်ကြီး) မှ သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဉီးစောသိန်းထွန်း (တောအုပ်ကြီး) မှ တရားမဝင်သစ်ထုတ်လုပ်မှု ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုရေး ခေါင်းစဉ်များဖြင့် လည်းကောင်း အသီးသီး ပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ အမျိုးသမီးကလေးများသင်တန်းကျောင်းမှ သင်တန်းသူ ၆၀ ဦးနှင့် ဆရာမ ၃ ဦး၊ အောင်မြေသာစံ၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း ၅ ဦး စုစုပေါင်း (၆၈) ဦး တတ်ရောက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။



