ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင် ၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျွန်းတောရပ်ကွက် မိုးကောင်းမူရင်းနှစ်ခြင်းအသင်းတော်တွင်" တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " နှင့်"ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင် ၊ မိုးကောင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ ကြီးမှူး၍ (၂၆-၄-၂၀၂၆)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်ခန့်တွင် မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက် မိုးကောင်းမူရင်းနှစ်ခြင်းအသင်းတော်တွင်" တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " နှင့်"ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကို ဦးစီးအရာရှိ ဦးသန်းမော်မှလည်းကောင်း၊ "ရေသယံဇာတထိန်းသိမ်းရေးနှင့်ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ"၊" သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ"ကို တောအုပ်ကြီး ဦးအောင်သန်းနိုင်မှလည်းကောင်း ဟောပြောဆွေးနွေးကျင်းပပြုလုပ်ခဲ့ရာ ညနေ(၁၇:၀၀)နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့
ကျွန်းတောရပ်ကွက် ရပ်မိရပ်ဖများ၊ သင်းအုပ်ဆရာ/ဆရာမများ၊ နှစ်ခြင်းအသင်းသူ /အသင်းသားများ ၊ရပ်ကျေးစာရေးနှင့်အဖွဲ့ဝင်များ ပေါင်း (၃၉)ဦး သစ်တောဝန်ထမ်း(၆)ဦး၊ စုစုပေါင်း (၄၅) ဦး တက်် ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။


