၁၃-၅-၂၀၂၄ ရက်နေ့မှ ၁၉-၅-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၉.၆၆၂၈)တန်၊ သစ်မာ (၃၂.၈၀၀၄)တန်၊ အခြား (၈၅.၂၈၄၆)တန်၊ စုစုပေါင်း (၁၄၇.၇၄၇၈)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၅-၂၀၂၄ ရက်နေ့၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ဒဂုန်မြို့သစ်(အရှေ့ပိုင်း) သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဒဂုံစက်မှုဇုန်၊ သံချပ်ဝန်ဦးမြူလမ်း၊ အမှတ်(၈)၊ ဒေါ်အေးအေးလင်း သစ်စက် အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/တောင်သရက် ခွဲသား စုစုပေါင်း (၃၃၂)ချောင်း (၃၃.၄၆၅၄)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Thursday, May 23, 2024 - 10:15