ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံ မျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၂၂-၅-၂၀၂၄)ရက်နေ့၊ နံနက် (၇)နာရီတွင် ညောင်ပင်စျေးရပ်ကွက် မဟာနာဂဝံသ သိမ်ကျောင်းဝန်း အတွင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ အထိမ်းအမှတ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များအား ပျိုးပင်များပေးအပ်ခဲ့ပြီး မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူထက်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများစုပေါင်း၍ လူဦးရေ(၂၀၅)ဦးတက်‌ရောက်ခဲ့ကြပြီး ကျွန်းပင်(၂၀)၊ မန်ဂျန်ရှားပင်(၈၀)၊ ပျဥ်းကတိုးပင် (၇၀)၊ ယူကလစ်ပင် (၈ ) ၊ မဟော်ဂနီပင် (၅၀) ၊ ရေတမာပင် (၃၀) ၊ မယ်ဇယ်ပင် (၂၀) ၊ ကံ့ကော်ပင် (၃၀) ၊ ခရေပင် (၃၀) ၊ ပိတောက်ပင်(၄၀) စုစုပေါင်း ပျိုးပင်ပေါင်း ( ၄၅၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်းတင်ပြအပ်ပါသည်။

date: 
Thursday, May 23, 2024 - 11:30