လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"Talk Show" ကျင်းပ

(၂၀.၅.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၅) အချိန်တွင် လင်းခေးခရိုင်၊ မိုးနဲပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်နန်းမွမ်းဆိုင်၊ မိုးနဲမြို့နယ်၊သစ်တောဦးစီးဌာနမှဦးကျော်အောင်အောင်(မြို့နယ်ဦးစီးဌာနမှူး)၊ဦးစိုင်းအောင်သင်း(တောအုပ်)တို့သည်် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် “ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးTalk Show အား လင်းခေးခရိုင်၊မိုးနဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

date: 
Thursday, May 23, 2024 - 11:45