ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ တောမီးနှင့်အခြားမီးများကြောင့် မီးလောင်ကျွမ်းမှုFire Hotspot ဖြစ်ပွားမှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

၂၇-၄-၂၀၂၆ ရက်နေ့၊ နေ့လည်၁၃:၀၀ အချိန်တွင် ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ တောမီးနှင့်အခြားမီးများကြောင့်မီးလောင်ကျွမ်းမှုFire Hotspot ဖြစ်ပွားမှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့ရာတွင် မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်မိုးမြင့်မြင့်ရှိန်မှ"မီးခိုးမြူငွေ့နှင့် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချနိုင်ရေးနည်းလမ်းများ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ သထုံခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်သီတာငြိမ်းမှ "မွန်ပြည်နယ်အတွင်း လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆိုင်ရာပြဿနာပူးပေါင်းအဖြေရှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ "တောမီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးဒေသခံပြည်သူများပူးပေါင်းပါဝင်၍ကူညီတားဆီးပေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်မာဝင်း မှ "စိုက်ပျိုးရေးကဏ္ဍတွင်မီးခိုးမြူငွေ့ကင်းစင်ရေးဆောင်ရွက်သင့်သည့်နည်းလမ်းများ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း၊အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြပြီးဆွေးနွေးပွဲသို့ သထုံခရိုင်နှင့်ပေါင်မြို့နယ်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ(၅၅)ဦးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး(၆၅)ဦီး စုစုပေါင်း (၁၂၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, April 27, 2026 - 15:45