AFoCO RETC ၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်၏ ‘ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့်မြေယာရှုခင်းပြုပြင်ထိန်းသိမ်းရေးသင်တန်း’၏သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ ဖွင့်လှစ်ကျင်းပခြင်းအပြင် သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွား အထောက်အကူ ပြု သင်တန်းများနှင့် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်း များကို နှစ်စဉ် စီစဉ်ဖွင့်လှစ်လျက်ရှိပါသည်။
AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ ပထမဆုံး အစီ အစဉ်အဖြစ် စီစဉ်ဆောင်ရွက်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်၏ ‘ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးနှင့် မြေယာရှုခင်းပြုပြင် ထိန်းသိမ်းရေးသင်တန်း’၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်း ဆရာအဖြစ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဖေချမ်း၊ ညွှန်ကြားရေးမှူး (ငြိမ်း)နှင့် သင်တန်းသားများ၊ သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ စုစုပေါင်း(၂၀)ခန့် တက်ရောက်ခဲ့ပြီး ဦးသိန်းသန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ AFoCO RETC သင်တန်းကျောင်းမှ ကြိုဆိုနှုတ်ခွန်းဆက် စကားအား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဖေချမ်း၊ ညွှန်ကြားရေးမှူး (ငြိမ်း)မှ သင်တန်းအဖွင့်အမှာစကားအား လည်းကောင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
သင်တန်းကို (၁) သင်တန်းသားဝန်ထမ်းများက အလှစိုက်ပန်းပင်နှင့် မြက်ခင်းစိုက်ပျိုး ထိန်းသိမ်းခြင်းဆိုင်ရာ ဗဟုသုတနှင့် အတွေးအမြင်များ ရရှိစေရန်၊ (ခ) သင်တန်းသားများအား အပင်ပြုစုစောင့်ရှောက်ခြင်း၊ မြေဆီလွှာ စီမံခန့်ခွဲခြင်း၊ ရေသွင်းစနစ်၊ ပိုးမွှားနှိမ်နှင်းခြင်းနှင့် ရေရှည်တည်တံ့စေသော လုပ်ထုံးလုပ်နည်းများဆိုင်ရာ အခြေခံ ကျွမ်းကျင်မှုများ တတ်မြောက် စေရန်နှင့် (ဂ) မိမိတို့၏ ရုံး/သင်တန်းကျောင်း မြေယာရှုခင်းများကို ကောင်းမွန်စွာ ထိန်းသိမ်း တတ်စေရန် ရည်ရွယ်၍ စီစဉ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းကို RETC သင်တန်းကျောင်း၌ စာတွေ့/လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ကာ သင်တန်းကာလမှာ ၂၇-၄-၂၀၂၆ မှ ၂၉-၄-၂၀၂၆ ထိ (၃)ရက်ကြာ ဖြစ်ပါသည်။ ထို့ပြင် ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ မြေပဒေသာကျွန်းသို့ သွားရောက်လေ့လာ မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည+်။

