ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာ၊Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်(၂၇.၄.၂၀၂၆)ရက်နေ့ (၁၀:၃၀)နာရီအချိန်တွင်ရှဒေါင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ "Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ" ကျင်းပဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာနမှူး၊ ဦးစီးအရာရှိ ဦးသက်ထွန်းဦးမှ ဦးဆောင်ဟောပြောခဲ့ပြီး အခမ်းအနားသို့ ရှဒေါင်ကျေးရွာပြည်သူလူထု ကျား (၂၇)ဦး၊ မ (၃၄)ဦး၊ ဝန်ထမ်း (၅)ဦး၊ စုစုပေါင်း အင်အား (၆၆)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများကို ၈ မိနစ်စာ PM 2.5 အသိပညာပေး Video Clip ပြသခဲ့ပါကြောင်းသတင်းရရှိသည်။



date:
Tuesday, April 28, 2026 - 09:45
