ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၇-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ဒိုက်ဦးမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ကွင်းမြောင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သပြေတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ(၅)ဦး၊ ကျောင်းသားကျောင်းသူ(၁၅)ဦးဒေသခံပြည်သူ(၅၅)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၇)ဦး၊ စုစုပေါင်း (၈၂)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်းအောင်မှ သစ်တောသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး ဆိုင်ရာများ၊ သစ်တောသစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် အကျိုးကျေးဇူးများ ကိုလည်းကောင်း၊တောအုပ်ကြီး ဦးနေငြိမ်းချမ်းမှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



