ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် သစ်တောဦးစီးဌာနက သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ မိမိတို့ ဝန်းကျင်ရှိ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်နှင့် လက်ရှိ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းအရင်းများကို သိရှိနားလည် တန်ဖိုး ထားတတ်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ အလုံမြို့နယ် သစ်တောဦးစီးဌာနက သစ်တောသစ် ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၂၃.၅.၂၀၂၄)ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)အချိန် ၌ မရမ်းကုန်းမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ ကျောင်းသားကျောင်းသူ အင်အား(၆၇)ဦး တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲအပြီးတွင် အလုံမြို့နယ် သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ခြင်းနှင့် နည်းလမ်းတကျ သစ်ပင်စိုက်ပျိုးခြင်း အခြေခံနည်းစနစ်တို့ကို လက်တွေ့ သရုပ်ပြရှင်းလင်းဆောင်ရွက်ခဲ့ရာ သိရှိလိုသည်များ မေးမြန်းခြင်း တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, May 23, 2024 - 16:15