ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"Talk Show" ကျင်းပ

(၂၃.၅.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဇာနည်ဝင်းနှင့် မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါငြိမ်းငြိမ်းသန့်တို့သည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးTalk Show အား ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centreခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

date: 
Friday, May 24, 2024 - 09:30