သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၂၇-၄-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ် ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူး ချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူး ထိ သစ်တောဝန်ထမ်း (၁၀၄) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၁၇) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဦးဆန်းမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ‌‌‌ဦးအောင်မျိုးဝင်း (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ) မှ ထိုင်းနိုင်ငံ၌ကျင်းပသော တောမီးလောင်ကျွမ်းမှု ကာကွယ်တားဆီးရေးနှင့်ထိန်းချုပ်ရေး ဆိုင်ရာအစီအစဉ်အားလည်းကောင်း၊ ဦးမြင့်သိန်းဦး (ဒုတိယညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ)လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ ညွှန်ကြားရေးမှူး(ဘဏ္ဍာရေးဌာနခွဲ)က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ ကျင်းပသော CLEAR SKY STRATEGY (၂၀၂၄-၂၀၃၀) ထိုင်း၊ မြန်မာ၊ လာအို(၃) နိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက်အား ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများ အားပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

date: 
Tuesday, April 28, 2026 - 14:45