ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"Talk Show" ကျင်းပ

(၂၀.၅.၂၀၂၄)ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီအချိန်တွင် ကျွန်းစုမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးတို့သည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံ နိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk show အား ကျွန်းစုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေး Talk Showတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ၊ နှစ်စဉ်ဆောင် ရွက်ခဲ့ပုံ၊ ၂၀၂၄ ခုနှစ်အတွက် သတ်မှတ်ထား သည့်ဆောင်ပုဒ်၊ သဲကန္တာရဖြစ်ထွန်းရခြင်းနှင့် အကျိုးသက်ရောက်မှုများ၊ မိုးခေါင်ရေရှားမှု ဒဏ်လျော့နည်းအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြေယာပြုပြင်းဆောင်ရွက်ရာတွင် သစ်တောကဏ္ဍ၊ သစ်တောသစ်ပင်များမှပေးစွမ်းသည့် အကျိုးကျေးဇူးများနှင့် ကမ္ဘာ့ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သစ်တောဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

date: 
Friday, May 24, 2024 - 14:15