ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ် သစ်တောဉီးစီးဌာနမှ ''သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ''ကျင်းပ
(၂၈.၄.၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သစ်တောဉီးစီးဌာနမှ နှင်းပုလဲကျေးရွာ အထကခွဲ တွင် "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲ´´ ကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ နှင်းပုလဲကျေးရွာမှ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများ၊ကျောင်းသား/သူ ကျား (၂၆) ဦး၊ မ (၆၅) ဦး၊ သစ်တောဝန်ထမ်း ကျား (၅) ဦး ၊ စုစုပေါင်း (၉၆) ဦး တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ ဟောပြောပွဲတွင် ဘီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်ကျော်ဦး မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျောင်းသား/သူများသိရှိလိုသည်များမေးမြန်းပြီး ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။


