တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဘုတ်ပြင်းမြို့တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီး ဌာနအနေဖြင့် ဘုတ်ပြင်းမြို့တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲအား (၂၄.၅.၂၀၂၄)ရက်နေ့(သောကြာနေ့)၊ နံနက်(၀၉:ဝဝ)နာရီမှ (၁၁:၃၀)နာရီအထိ၊ အ.ထ.က ဘုတ်ပြင်းမြို့၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာအသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးခေါင်းစဥ်များဖြင့် ဦးဇော်သင်း၊ ဦးစီးအရာရှိ၊ သစ်တောဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ်မှဟောပြောပို့ချခဲ့ပါသည်။
ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်(၂)နှင့် ဆက်စပ်ဌာနဦးစီးမှူး များ(၅)ဦး၊ အ.ထ.က ဘုတ်ပြင်းမြို့မှ ဆရာ/ဆရာမ(၈)ဦး ကျောင်းသူ / ကျောင်းသား(၅၁)ဦး၊ စုစုပေါင်း (၆၅) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သစ်တောဦးစီးဌာန နှင့်အတူလန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှလည်း အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Friday, May 24, 2024 - 16:00