စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အောက်တောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အောက်တောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ (၂၆.၄.၂၀၂၆) ရက်နေ့၊ (၁၃:၀၀)နာရီ အချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကျေးရွာသူ/သား(၅၃)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၅၇)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် တောအုပ်ကြီး၊ ဦးသန်းဇော်ဝင်းမှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များကြောင့်လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိ ပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, April 29, 2026 - 15:45