ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သဘာ၀ပတ်၀န်းကျင်နှင့်သစ်တောသစ်ပင်များခုတ်ထေးဇီ၀မျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အ-ထ-က(၁) န၀ရတ် ခန်းမတွင် သဘာ၀ပတ်၀န်းကျင်သစ်တောသစ်ပင်နှင့်ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးဆိုင်ရာအသိ ပညာပေးဟောပြောပွဲအခမ်းအနားကို(၂၄-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းမင်း၊ မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးတင့်နှင့် ၀န်ထမ်းများ၊ အ-ထ-က(၁) ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ / ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၀၀)ဦး တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားတွင် လက်ထောက်ညွန်ကြားရေးမှူး ဦးထွန်းထွန်းမင်းမှ သစ်တောသစ်ပင်နှင့်ဇီ၀မျိုးစုံထိန်းသိမ်ရေးသည် ရာသီဥတုနှင့် သက်ရှိသတ္တဝါးများအတွက် အလွန်အရေးပါကြောင်း၊ တောရိုင်းတိရစ္ဆာန်များ သက်ဖြတ်ခံရမှု မရှိစေရေးနှင့် သစ်တော ပြုန်းတီးမှု့များမဖြစ်ပေါ်စေရေးအတွက် ဝိုင်း၀န်းထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ဦးစီးအရာရှိ ဦးစိုးတင့်မှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ဆိုင်ရာအကြောင်းအရာများကိုအကျယ်တ၀င့်ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးအရာရှိရုံး မြို့မပျိုးဥယျာဉ်တွင် မိုးရာသီ သစ်ပင်များအခမဲ့ဖြန့်ဝေစိုက်ပျိုးရန်ပျိုးထောင်ထားရှိမှု့အား သွားရောက်လေ့လာခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဦးစီးအရာရှိတို့မှ အသေးစိတ်ရှင်းလင်းပြသခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Saturday, May 25, 2024 - 14:45