ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာနမှ `သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ’ ကျင်းပပြုလုပ်
ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာန မှ (၂၄.၅.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန် အထက(၁)ကျောက်မဲမြို့၊ သီရိရတနာခန်းမတွင် `သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ’ အားကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ တွင် ပထမဦးစွာ ကျောက်မဲခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ `သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေး’ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါကြောင်း၊သီပေါ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းကိုမှ `သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း သိကောင်းစရာများ၊ သစ်တော များနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေး’ နှင့်ပတ်သတ်၍သိကောင်းစရာများ အား လည်းကောင်း၊ နမ္မတူမြို့နယ်၊သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသက်ပိုင်ဇော်မိုးမှ `သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ´ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါသည်။
ထို့နောက် ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများအား ကျောက်မဲမြို့နယ် မြို့မပျိုးဥယျာဉ်သို့ လေ့လာနိုင်ရန်ပို့ဆောင်ပေးခဲ့ပြီး ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၀၂၄)မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် ပျိုးပင်များနှင့် ပျိုးဥယျာဉ်လုပ်ငန်း ဆောင်ရွက် ခြင်းအဆင့်ဆင့်ကို သက်ဆိုင်ရာပျိုးဥယျာဉ်တာဝန်ခံများမှ ရှင်းလင်းပြသ ခဲ့ပါကြောင်း ကျွန်း၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ကံ့ကော်၊ ခရေ၊ ခါတော်မှီ၊ ချယ်ရီ၊ မယ်ဇလီ စုစုပေါင်းပျိုးပင်(၅၀)ပင်အား ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၅)ဦး၊ အလယ်တန်း/အထက်တန်းအဆင့် ကျောင်းသား(၆၅)ဦး၊ ကျောင်းသားမိဘ (၁၀)ဦး၊ စုစုပေါင်း တက်ရောက်သူဦးရေ (၉၀)ဦးတက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။