စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့/မှူး ဦးကျော်မျိုးသူ-၂နှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရကျနေ့၊ နံနက်(၁၀းဝဝ)နာရီအချိန်တွင် ရွှေဘိုမြို့၊ အ.ထ.က(၃) စာသင်ကျောင်း၌ မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးပြောဟောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၉)ဦး တက်ရောက်ခဲ့ပါသည်။ မြို့/မှူး ဦးကျော်မျိုးသူ-၂ မှ မီးခိုးမြူငွေ့ဖြစ်ပေါ်ပုံ အကြောင်းအရင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ရောဂါများနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာနည်းလမ်းများကို တက်ရောက်လာသူများအား အသိပညာပေး ဆွေးနွေးဟောပြောသွားခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, April 29, 2026 - 17:45