မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ(၂၄.၅.၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊အ.ထ.က (ရမ်ပူ) ကျောင်း၌ အရိပ်ရသစ်မျိုး၊ပျိုးပင်( ၁၀၀) ပင်အား ဖြန့်ဝေ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ ရှင်းလင်းဟောပြောခြင်းနှင့် သစ်ပင်များ စနစ်တကျစိုက်ပျိုးနည်းများရှင်းလင်းပြသခြင်း၊ လက်တွေ့ စိုက်ပျိုးပေးခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

date: 
Sunday, May 26, 2024 - 14:15