ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
(၂၈.၄.၂၀၂၆)ရက်နေ့၊နံနက်(၀၉:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြင်းလှည်းကုန်း(အ.မ.က)ကျောင်းဝန်းတွင် ရေကြည်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးလေးအောင် မှ *သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ* ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၃)ဦး၊ အမှတ်(၁)ရပ်ကွက် ကျေးရွာသား (၃၁)ဦး၊ကျေးရွာသူ(၁၇)ဦး၊စုစုပေါင်း (၅၁)ဦးတက်ရောက်ခဲ့ပါသည်။(ကျား - ၃၄ဦး၊ မ - ၁၇ဦး) အဆိုပါ အခမ်းအနားတွင် တောအုပ်ဦးလေးအောင်မှ မီးခိုးမြူငွေ့ အန္တရာယ်နှင့် မီးခိုးမြူငွေ့ လျှော့ချရေး လုပ်ငန်းများ၊ တောမီးထိန်းသိမ်းကာကွယ်ရေး နှင့် Fire Hotsopt ဖြစ်ပေါ်မှု အခြေ အနေများ၊ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

