မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောပြုစုထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ(၂၈-၄-၂၀၂၆)ရက် နေ့ (၀၉:၃၀)နာရီအချိန်တွင်ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အနော်ရထာခန်းမ၌ သစ်တောပြုစု ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပရာ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကုန်းတန်းကြီးကျေးရွာ၊ကျောက်စစ်ကန်ကျေးရွာ၊မြေနဲလေးကျေးရွာမှ ပြည်သူများ၊ သစ်တောဝန်ထမ်းများ စုစုပေါင်း(၇၀)ဦးတက်ရောက်ပါသည်။ အခမ်းအနားတွင် ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၊ ဦးစီးအရာရှိ ဦးသန့်ဇင်_၆ မှ သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီး ခြင်း အကြောင်းအရင်းများ၊ သစ်တောပြုန်းတီးခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင် ထိန်းသိမ်းရေးနှင့် သစ်တောများမီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့ လျော့ချ ရေးဆိုင်ရာဗဟုသုတများနှင့် သစ်ပင်စိုက်ပျိုး ရေး၊သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပါသည်။




