မိတ္ထီလာမြို့နယ်၌ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပ သော သစ်တောသစ်ပင် နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကို(၂၅-၅-၂၀၂၄)ရက်နေ့၊ နံနက် (၁ဝ:၀၀)နာရီ အချိန်တွင် မွေကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ အသိပညာပေး အခမ်းအနားတွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးဆိုင်ရာများအကြောင်း ကို ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်က အသိပညာပေး ဟောပြောပြီး ရာသီဥတုပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က အသိပညာပေးဟောပြောကာ ၂ဝ၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုကလစ်အား ပရိုဂျက်တာဖြင့် ပြသ သည်။ ထိုနောက်အသိပညာ ပေးဟောပြောပွဲသို့ တက်ရောက်လာကြသူများမှ သိရှိလို သည်များကို မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေးဖြေကြားသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း (၁၂၈) ဦးတက်ရောက်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် ဆရာဆရာမများနှင့်ကျောင်းသူကျောင်းသားများက မြို့နယ်သစ် တောဦးစီးဌာန မြို့မပျိုးဥယျာဉ်သို့ သွားရောက်၍အပင်ပျိုး‌ ထောင်ခြင်းများကိုကြည့်ရှု့လေ့လာ ခဲ့ကြောင်း သိရှိရပါသည်။

date: 
Sunday, May 26, 2024 - 15:15