မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနများမှ ပျိုးဥယျာဉ်များကြည့်ရှု့စစ်ဆေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး − ဦးရွှေဇင်သည် (၂၅−၅−၂၀၂၄) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့ နယ်၊ သစ်တောဉီးစီးဌာန၊ မြို့မ(အမြဲတမ်း) ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသည့် အထူးပျိုး ပင်(၁၂၀၀၀)ပင်၊ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုဖြန့်ပျိုးပင် (၅၀၀၀၀)ပင်၊ ၂၀၂၄ ခုနှစ် မိုးရာသီ (၂/၂၀၂၄)ကျေးရွာထင်းစိုက်ခင်း(၅၀)ဧကအတွက် ပျိုးပင်(၇၂၆၀၀)ပင် နှင့် မြို့နယ်အစီအစဉ် ဖြင့် ပျိုးထောင်ထားသော ပျိုးပင်(၁၉၂၅)ပင် စုစုပေါင်း(၁၃၆၅၂၅)ပင်တို့၏ ပြုစုပျိုးထောင် ထားရှိမှုတို့အား စစ်ဆေးပြီး စိုက်ပျိုးချိန်တွင် ကြံ့ခိုင်သန်စွမ်းသည့် (၂')အထက် ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးပင်ဖြန့်ဝေရာတွင် စနစ်တကျဖြန့်ဝေရန်၊ မန်ကျည်း၊ တမာ၊ ထနောင်း စသည့် ဒေသသစ်မျိုးများနှင့် အရိပ်ရအပင်၊ ပန်းပွင့်သည်အပင် စသည့်သစ်မျိုးများ စုံလင်စွာ ပျိုးထောင်ထားရှိရန်၊ အပင်၊ အရွက်၊ အသီးအားလုံး အသုံးပြုနိုင်မည့် သစ်မျိုးများ ပျိုးထောင် စိုက်ပျိုးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။