သထုံမြို့နယ်၊ထောင်မှူးကျေးရွာတွင်"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၂၉.၄.၂၀၂၆)ရက်နေ့ (၁၀းဝဝ)နာရီအချိန်တွင် "သစ်တောထိန်းသိမ်းရေး၊ တောမီကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပ ညာပေးဟောပြောပွဲ"အားသထုံမြို့ နယ်၊ ထောင်မှူးကျေးရွာရှိ ဝါးပါးသစ်တောပျိုးဥယျာဥ်ရှင်းလင်းဆောင်၌ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ထောင်မှူးကျေးရွာမှ ကျေးရွာသား(၂၀)ဦး၊ ကျေးရွာသူ(၃၀)ဦး၊ သစ်တောဝန်ထမ်း(၅)ဦးစုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် သထုံမြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးကျော်စိုးဟန်မှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာ ကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးအကြောင်းများဟောပြောခဲ့ပြီးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


date:
Wednesday, April 29, 2026 - 19:15
