စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊အိုးဘိုရပ်ကွက်၊ဦးထားဓမ္မာရုံတွင်သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အိုးဘိုရပ်ကွက်၊ ဦးထားဓမ္မာရုံတွင်(၂၉.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်“သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ဒေသခံပြည်သူ(၆၇)ဦး၊ မြို့နယ် သစ်တောဝန်ထမ်း(၁၁)ဦး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၈၁) ဦးတက်ရောက်ခဲ့ပါသည်။ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများနှင့်အကျိုးကျေးဇူးများ၊ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သောနိုင်သော သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တောမီးလောင်ကျွမ်းမှုအခြေခံ အကြောင်းအရင်းများနှင့် ကာကွယ်ထိန်းသိမ်းရေး နည်းလမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သူဇာဦးမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များကြောင့်လေထုညစ်ညမ်းမှု၏ဆိုးကျိုးများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသောမေးခွန်းများဖြေကြားခြင်း၊ လက်ကမ်းစာဆောင် များဖြန့်ဝေခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, April 29, 2026 - 19:15