ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းရွာ၊ ကိုဆူဘုရားကြီး၌ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ၊ ကိုဆူဘုရားကြီး၌ (၂၉.၄.၂၀၂၆) ရက်နေ့၊နံနက်(၀၉:၀၀)အချိန်တွင်“သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး (၁)ဦး၊ ကျေးရွာတောင်သူကြီးများကျား(၄၉)ဦး၊မ(၃၀)ဦး စုစုပေါင်း(၈၀)ဦး၊ ကွမ်းခြံကုန်း မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးချမ်းမြေ့ကျော်ပါ သစ်တောဝန်ထမ်း(၄)ဦး၊စုစုပေါင်း(၈၄)ဦး တက် ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးချမ်မြေ့ကျော်က သစ်တောများကပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ ၊ သစ်တောဖုံးလွှမ်းမှုပြောင်းလဲ လာခြင်းနှင့်ပြောင်းလဲမှု၏ အကြောင်းရင်းများ၊ သစ်တောများပြန်လည် တည်ထောင်ရေးစီမံကိန်းလုပ်ငန်း များ အကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသည့် တောမီး‌လောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များ ၊အမှိုက်များ မီးရှို့၍ ဖြစ်ပေါ်လာသည့်လေထုညစ်ညမ်းမှုများကြောင့် အပင်များရှင်သန်မှုလျော့ နည်းလာခြင်း၊ စပါးအထွက်နှုန်းကျဆင်းလာခြင်းအကြောင်းများ၊ Fire Hotspots များအကြောင်း၊ ရိုးပြတ်များ၊ အမှိုက်များ မီးမရှို့ဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်း၊ ရိုးပြတ်များ ထိမ်းချုပ်စနစ်ဖြင့် မီးရှို့ခြင်း၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ သီးနှံ သစ်တောရောနှောစိုက်ပျိုးရေး ၊မီးဘေး လုံခြုံရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Wednesday, April 29, 2026 - 19:30